မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတင်ဆက်တဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်အလှ၊ ဂီတဖျော်ဖြေပွဲနဲ့ အကယ်ဒမီရွှေပန်းချီအငြိမ့်ဖျော်ဖြေပွဲမှာ ချောရတနာက မင်းသမီး အဖြစ် ပါဝင်ကပြတင်ဆက်ခဲ့ပါတယ်။ အနုပညာအလုပ် တွေကို ခဏတာ နားပြီးတဲ့နောက် အခုမှ ပထမဆုံးပြန်ပြီး ကပြရတာမျိုးဖြစ်တဲ့ အတွက် တော်တော်လေးတော့ ရင်ခုန်ခဲ့ရတယ်လို့ ချောရတနာက ဆိုပါတယ်။
“ချောက မြန်မာအမျိုးသမီးရေးရာပွဲရဲ့ အကယ်ဒမီရွှေပန်းချီအငြိမ့်မှာ ပါဝင်ခွင့်ရခဲ့တာ တအားပဲ ဝမ်းသာပါတယ်။ ချောက မြန်မာအကလေးနဲ့ တင်ဆက် ကပြရတယ်။ အငြိမ့်ကဏ္ဍလေးမှာ ပါဝင်ရတာလည်း ပိုပြီး ပျော်စရာကောင်းပါ တယ်။ ချောက အရှင်းဆုံးပြောရရင် ကိုယ်ကအနုပညာအလုပ်ကို နားထားတာ သားသား မမွေးခင် ကတည်းကပဲ ပြောရမယ်။ မြန်မာအကကို တအားကြီးတော့ မကတတ်ဘူး။ ဒါပေမဲ့လည်း ချောအတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးကမယ်။ ချော အနု ပညာအလုပ်တွေ နားထားပြီး ဒီပွဲမှာ ပထမ ဆုံး အနုပညာနဲ့ပတ်သက်ပြီး ပရိသတ်တွေနဲ့ ပြန်ပြီး ထိတွေ့ခွင့်ရတဲ့ ပွဲလို့ပဲ ပြောလို့ရပါတယ်။ တကယ်လည်း ပထမဆုံးလုပ်တဲ့ အလုပ်မှာလည်း ချောတို့ကို Live လွှင့်ပြီး ပရိသတ်နဲ့ ထိတွေ့ခွင့်ရမှာဆိုတော့ ချောတအားရင်ခုန်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အလုပ်မလုပ်တာကြာပြီဖြစ်တဲ့ သူ တစ်ယောက်ဖြစ် သွားတာလည်းပါတယ်။ အခုလိုပြန်ပြီးLive ကြီးမှာ ကပြရတဲ့အခါကျတော့ တော်တော်လေးကို ရင်ခုန်ခဲ့ရပါတယ်”လို့ ပြောပါတယ်။
သားကိုလည်း အချိန်ပေးနေရတဲ့အတွက် ဇာတ်ကားရိုက်ကူးမှုမှာ ကိုယ်နဲ့ အဆင်ပြေပြီး လိုက်ဖက်မှုရှိတဲ့ ဇာတ်တွေဆိုရင်တော့ လက်ခံပြီး ရိုက်ကူး ဖြစ်သွားမှာ ပါလို့   ချောရတနာက ဆိုပါတယ်။
“ချောက ဇာတ်ကားရိုက်တာတွေကိုတော့ ပြန်ပြီး မလုပ်ဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကားရိုက်တာက အချိန်အများကြီးပေးရမှာလေ။ ချောက အနုပညာအလုပ် ကို မလုပ်တော့ဘူးလို့တော့ မသတ်မှတ်ထားပါဘူး။ ဒါပေမဲ့ ချောအတွက်လည်း အဆင်ပြေမယ်။ ကိုယ်ပေးနိုင်သလောက် အချိန်လေးနဲ့ ရိုက်မယ့်ရက်လေးတွေ အဆင်ပြေမယ်ဆိုရင် တော့ ချောအနည်းအကျဉ်းတော့ လုပ် ဖြစ်မှာပါ။ အများကြီးလုပ်ဖို့ဆိုတာကတော့ အဆင် မပြေတော့ဘူးလေ။ ချောက အနု ပညာ အလုပ်ကို လုံးဝမလုပ်တော့ဘူးဆိုတာမျိုးတော့ တစ်ခါမှ မစဉ်း စားခဲ့ဖူးဘူး။ အဓိကကတော့ ချော ရဲ့သားလေးကို အချိန်အများကြီးပေး ချင်တဲ့ အတွက်ကြောင့်ပါ။ ချောက အနု ပညာကိုလည်း ချစ်တယ်။ သားလေးကိုလည်း ချစ်တယ်။ ဒါပေမဲ့ သားလေး ကိုချစ်တဲ့ အချစ်က အနုပညာ နဲ့ဆိုရင်တော့သားက ပထမ ဖြစ်သွားတာပေါ့။ ဘာလုပ် လုပ် စိတ်က သားဆီပဲ ရောက်နေတယ်။ သားက ချောရဲ့ဘဝကို တအား စိုးမိုးလွန်းတယ်။ သားကို တအား ချစ်တယ်။ ချောနဲ့ တကယ် လိုက်ဖက်မှုရှိတဲ့ ဇာတ်ကားမျိုးဆို ရင်တော့ ချောလက်ခံပြီး ရိုက်ကူး  သွားမှာပါ”လို့ ပြောပါတယ်။
လွင်လွင်ထွန်း၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

Post a Comment

 
Top