မျက်နှာသစ် သရုပ် ဆောင်တစ်ဦးဖြစ်သည့် မော်ဒယ် သရုပ်ဆောင် နန်းစုဦးနှင့် သရုပ် ဆောင်အောင်ရဲလင်းတို့ ချစ် ကြိုက်နေသည် ဟူသော သတင်း မှာ ကောလာဟလတစ်ခုသာ ဖြစ်ကြောင်း သရုပ်ဆောင် နန်းစုဦးက ဆိုသည်။

‘‘ဒီအနုပညာ အသိုင်းအ၀ိုင်း က ရှုပ်ထွေးတယ်လို့ ပရိသတ် တွေ က ပြောကြပေမယ့်လည်း နန်းစုကတော့    ကိုယ့် ဘာ သာ အေးဆေးဆေးဆေး ပဲ နေတာပါ။ အခုထွက်နေ တဲ့ ကော လာဟ လ တွေကလည်း လူပိုသိရင် ကောလာဟလက ပိုကျယ်ပြန့် မယ်။ အောင်ရဲလင်းနဲ့က ရိုးရိုးသားသား ပါပဲ’’ ဟု ပြောသည်။

လက်ရှိတွင် သရုပ်ဆောင် ကောင်းပြည့်နှင့်အတူ ဒါရိုက်တာ နေပိုင်၏ ရိုက်ကူးမှုဖြင့် ရယ်ရယ် မောမော ပျော်ပျော်ပါးပါး ပြ ဇာတ်ဆန်ဆန် ဟာသဇာတ်ကား ကို ရိုက်ကူးနေပြီး ယင်းဇာတ်ကား တွင် မူယာမာယာများသော ကောင်မလေးနေရာတွင် သရုပ်ဆောင်ထားကြောင်းသိရသည်။

ဟာသဇာတ်ရုပ်များဖြင့် သိပ်မတွေ့ရသည့် နန်းစုဦးသည်  ဟာသဇာတ်ရုပ်     အရိုက်နည်းရခြင်းမှာ ဟာသ ဇာတ်ရုပ်အတွက် ကမ်းလှမ်းခံရမှု မရှိသောကြောင့် ဖြစ်ပြီး    ယခုရိုက်ကူးနေသည့် ဟာသဇာတ်ကား တွင်    အိုဗာ ဟာသဆန်ဆန် ရိုက်ထားကြောင်း ပြောသည်။

သရုပ်ဆောင် နန်းစုဦးသည် ဇာတ်ကားရိုက်ကူးရေးအတွက် ဘန်ကောက်နှင့်   ပုဂံမြို့များသို့ သွားရောက် ရန်ရှိပြီး သရုပ်ဆောင် အောင်ရဲလင်းနှင့်အတူ   ဇာတ် ကားများ    ရိုက်ကူးရန်ရှိသေး ကြောင်း ဆိုသည်။

Post a Comment

 
Top